ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လှူဒါန်းမှု

San Lwin Trading Co.Ltd အနေဖြင့် ❝Your lifelong wellness partner❞ ဟူသော ဆောင်ပုဒ်နဲ့အညီ အရည်အသွေးကောင်း ဆေးဝါးထုတ်ကုန်များ ဖြန့်ဖြူးပေးခြင်းဖြင့် မြန်မာပြည်သူတို့ရဲ့ ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာမှ ကူညီခဲ့တာ ဆယ်စုနှစ် (၂) ခု တိုင်ခဲ့ပါပြီ။
လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက်ကိုလည်း တတ်နိုင်တဲ့ဘက်မှ အကောင်းဆုံး ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးကုသဆောင်-၄ တွင် အသုံးပြုရန်အတွက် Air Conditioner (၃) လုံးနှင့် COVID-19 ကာကွယ်ရေး ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ပါတယ်။
အခုလို လှူဒါန်းမှုဟာ ကျွန်တော်တို့ရဲ့ အလှူတင်သာမကဘဲ San Lwin Trading ကို အားပေးကြတဲ့ မိတ်ဆွေများ၊ မိတ်ဟောင်းမိတ်သစ်များရဲ့ အလှူလို့ ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် အခုအလှူဒါနကနေ San Lwin Trading ရဲ့ အားပေးသူမိတ်ဆွေများအားလုံး ကုသိုလ်အကျိုးကို ထပ်တူထပ်မျှ မုဒိတာပွားစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ရှေ့ဆက်ပြီးတော့လည်း San Lwin Trading အနေဖြင့် အားပေးသူမိတ်ဆွေများ၊ မြန်မာပြည်သူများရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံး အသိပညာမျှဝေနိုင်အောင်၊ လိုအပ်တဲ့ဆေးဝါးများ ဖြန့်ဝေပေးနိုင်အောင် ပိုပိုပြီး ကြိုးစားသွားပါမယ်။
အားလုံးပဲ ကိုယ်ရောစိတ်ပါ ကျန်းမာပျော်ရွှင်စွာနဲ့ ပိုကောင်းတဲ့ အနာဂတ်ဆီသို့ အတူတူဆက်လှမ်းနိုင်ကြပါစေခင်ဗျာ။