Yangon Launch

၂၀၁၉၊ ဖေဖော်ဝါရီလ ( ၁၀ )ရက်နေ့တွင် ရန်ကုန်မြို့ WYNDHAM GRAND HOTEL ၌ ဆီးချို သွေးချိုရောဂါကုသရာတွင် အသုံးပြုသော နောက်ဆုံးပေါ်ဆေးဝါးသစ်၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံး FDA အသိအမှတ်ပြုထောက်ခံချက်ရရှိထားသော Sanglif ( Canagliflozin 100 mg ) SGLT-2Inhibitor ဆေးဝါးသစ်မိတ်ဆက်ပွဲကို San Lwin Company မှ ဂုဏ်ယူစွာဖြင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါပွဲတွင် မြန်မာနိုင်ငံဆီချိုသွေးချိုရောဂါအသင်း၏ သဘာပတိများဖြစ်ကြသော ဥက္ကဌ ဂုဏ်ထူးဆောင်ပါမောက္ခဒေါက်တာ
ဦးတင့်ဆွေလတ် နှင့် ဂုဏ်ထူးဆောင်ပါမောက္ခဒေါက်တာ
ဒေါ်သန်းသန်းအေးတို့မှ( Chair Persons )အဖြစ် ဆောင်ရွက်ပြီး၊ ပါမောက္ခဒေါက်တာဦးကိုကိုနှင့် တွဲဖက်ပါမောက္ခဒေါက်တာ
ဦးသိန်းမြင့်တို့မှ အောက်ပါအစီအစဉ်အတိုင်း ဟောပြောခဲ့ပါတယ်။
Symposium Title :
NOVEL APPROACH TO DIABETES
MANAGEMENT
Professor Dr. Ko Ko:
FROM BED SIDE PERSPECTIVE OF SGLT-2 INHIBITOR
Associate Professor Dr. Thein Myint:
FROM BENCH SIDE PERSPECTIVE OF SGLT-2 INHIBITOR
အဆိုပါပွဲ အမှတ်တရ ဗီဒီယိုဖိုင်ကို ဂုဏ်ယူစွာဖြင့်မျှဝေပေးလိုက်ပါသည်ရှင့်။ ကြွရောက်ချီးမြှင့် ပေးသော ဆရာကြီး၊ ဆရာမကြီးများအားလုံးနှင့် ပွဲဖြစ်မြောက်ရေး အတွက် ကူညီပေးကြသောသူများအားလုံးကို ကျွန်တော်၊ ကျွန်မတု့ိ San Lwin Trading Company အဖွဲ့သားများမှ ကျေးဇူးအထူး တင်ရှိပါတယ်ရှင့်။

Leave a Reply

Your email address will not be published. Required fields are marked *