ကျွန်တော်တို့ San Lwin Trading မိသားစုသည် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများမှာ တတ်နိုင်တဲ့ဘက်က အကောင်းဆုံး ပါဝင်ကူညီဆောင်ရွက်လျက်ရှိပါတယ်။ အခုတစ်ခေါက်မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ ငွေကျပ်သိန်း(၅၀) ကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ မိဘပြည်သူများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာ ရှိနိုင်ကြပါစေခင်ဗျာ။  

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် San Lwin Trading အနေဖြင့် ဝေဘာဂီဆေးရုံနှင့် တောင်ဥက္ကလာ အမျိုးသမီးနှင့်ကလေးဆေးရုံသို့ Meropenem Injections (Divnem) ပဋိဇီဝဆေးဝါးများ လှူဒါန်းခဲ့ပါသည်။ San Lwin ချစ်သူမိတ်ဆွေများ အားလုံးလည်း ကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ရပါသည်ခင်ဗျာ။  

San Lwin Trading Co.,Ltd. မှ လက်ရှိဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အထောက်အပံ့ပေးနိုင်ရန်အတွက် ရန်ကုန်မြို့ သုဝဏ္ဏမြက်ခင်းတု လေ့ကျင့်ရေးကွင်းရှိ COVID-19 ယာယီကုသရေးဌာန (ဧရာဝတီစင်တာ) ဧရာဝတီ ဖောင်ဒေးရှင်းသို့ ZINCOR (Zinc 20 mg) 60,000 tablets ခန့်ကို ပံ့ပိုးကူညီလှူဒါန်းပေးခဲ့ပါတယ်ခင်ဗျာ  

San Lwin Trading Co.Ltd အနေဖြင့် ❝Your lifelong wellness partner❞ ဟူသော ဆောင်ပုဒ်နဲ့အညီ အရည်အသွေးကောင်း ဆေးဝါးထုတ်ကုန်များ ဖြန့်ဖြူးပေးခြင်းဖြင့် မြန်မာပြည်သူတို့ရဲ့ ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာမှ ကူညီခဲ့တာ ဆယ်စုနှစ် (၂) ခု တိုင်ခဲ့ပါပြီ။ လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါ ကူးစက်မှုကာကွယ်ရေးအတွက်ကိုလည်း တတ်နိုင်တဲ့ဘက်မှ အကောင်းဆုံး ကူညီထောက်ပံ့ပေးလျက်ရှိပါတယ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဆေးကုသဆောင်-၄ တွင် အသုံးပြုရန်အတွက် Air Conditioner (၃) လုံးနှင့် COVID-19 ကာကွယ်ရေး ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ပါတယ်။ အခုလို လှူဒါန်းမှုဟာ ကျွန်တော်တို့ရဲ့ အလှူတင်သာမကဘဲ San Lwin Trading ကို အားပေးကြတဲ့ မိတ်ဆွေများ၊ မိတ်ဟောင်းမိတ်သစ်များရဲ့ အလှူလို့ ဆိုရင်လည်း မမှားပါဘူး။ ဒါကြောင့် အခုအလှူဒါနကနေ San Lwin Trading ရဲ့ အားပေးသူမိတ်ဆွေများအားလုံး ကုသိုလ်အကျိုးကို ထပ်တူထပ်မျှ မုဒိတာပွားစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း San Lwin Trading အနေဖြင့် အားပေးသူမိတ်ဆွေများ၊ မြန်မာပြည်သူများရဲ့ […]

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လိုအပ်နေသော CPAP Machine ကို San Lwin Trading Co.Ltd (စစ်တွေရုံးခွဲ) မှ ဝန်ထမ်းများသည် (၂၆.၈.၂၀၂၀) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါသည်။ ယခု ထက် ပို ၍ တစ်တပ်တစ်အား ပံ့ပိုးပေးနိုင်အောင် မိမိတို့မှ လည်း ကြိုးစားသွားမည် ဖြစ်ပြီး ၊ မြန်မာ ပြည်သူပြည်သားများ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းပါစေကြောင်း မိမိတို့ San Lwin Trading Company မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်ရှင့်။